Configure SSH Daemon In Linux CentOS 7

Click To View With Unicode Font

System ကို update လုပ် ပြီး လိုအပ်သော binary packages များကို install ပြုလုပ် ပါမည်။

# yum update
# yum install nmap net-tools bind-utils traceroute policycoreutils-python NetworkManager-tui open-vm-tools open-ssh -y

System ၏ IP, Netmask, Gateway, DNS နှင့် DNS Search Path များကို လိုအပ်သလို ပြောင်းလဲရန်အတွက် အောက်ပါ command ကို အသုံးပြုဆောင်ရွတ်ပါမည်။

# nmtui

Network Setting များ Host Name များ နှင့် update လုပ်ထားခြင်းကြောင့် kernel များပြောင်းလဲသွားပြီး ဖြစ်ပါသည်။ ထို့ကြောင့် system ကို restart ချရန် အောက်ပါ command ကို အသုံးပြုဆောင်ရွတ်ပါမည်။

# init 6

SSH Daemon ကို System Setup လုပ်သည်နှင့် စတင်စေရန် အောက်ပါ command ကို အသုံးပြုဆောင်ရွတ်ပါမည်။

# systemctl enable sshd.service

SSH Daemon ကို start လုပ်ရန်အတွက် အောက်ပါ command ကို အသုံးပြုဆောင်ရွတ်ပါမည်။

# systemctl start sshd.service

SSH Daemon ကို  restart လုပ်ရန်အတွက် အောက်ပါ command ကို အသုံးပြုဆောင်ရွတ်ပါမည်။

# systemctl restart sshd.service

SSH Deamon ၏ status ကိုကြည့်ရန်နှင့် debug ပြုလုပ်နိုင်ရန် အောက်ပါ command ကို အသုံးပြုဆောင်ရွတ်ပါမည်။

# systemctl status sshd.service -l

System message တွင်လည်း ကြည့်နိုင်ပါသည်။

# tail -f /var/log/message

SSH Service ကို အသုံးပြု၍ System ကို login လုပ်သောအခါ Security ပိုမိုကောင်းမွန်စေရန် SSH Protocol Version များပြောင်းလဲခြင်း၊ Default Standard Port Number 22 တွင် အသုံးမပြုပဲ အခြား Non-Standard Port Number တွင် ထား၍ အသုံးပြုခြင်း Login ဝင်ရန် စတင်လိုက်သည်နှင့်  Info Alert Message ပေးရန်၊ Login success ဖြစ်သော အခါ Greeting Message ကို ပြရန်နှင့် Password ဖြင့် Login ဝင်ခြင်း အစား Public Key အသုံးပြု၍ Login ဝင်ခြင်းများကို Configuration လက့်တွေ့ ပြုလုပ် သွားမှာ ဖြစ်ပါသည်။

SSH ကို login ဝင်သည်နှင့် တပြိုက်နက် Message ပေးရန် issue.net ဖိုင်ကို အသုံးပြုရမည်ဖြစ်ပြီး လည်းကောင်း ဖိုင်သည် /etc အောက်တွင်ရှိပါသည်။  မိမိပေးလိုသော Info Alert Message အား issue.net တွင် ရေးသားရန်အတွက် အောက်ပါအတိုင်းဆောင်ရွတ်ပါမည်။

# vi /etc/issue.net
d5d ရိုက်ပြီး အားလုံး ဖြတ်ပြစ်ပါမည်။ ထို့နောက် i ကို ရိုက်ပြီး အောက်ပါအတိုင်းရေးသွင်းပါမည်။

                    /******************************************************
                    *                               - Authorized Person Only -                             *
                   *****************************************************/

Esc key ကိုနိပ်ပြီး :wq ရိုက်ကာ save လုပ်ပါမည်။

SSH ကို login ဝင်ပြီးနောက် Greeting Message ပေးရန်အတွက် motd ဖိုင်ကို အသုံးပြုမည်ဖြစ်ပြီး လည်ကောင်းဖိုင်သည်လည်း /etc အောက်တွင်ရှိပါသည်။ မိမိပေးလိုသော Greeting Message အား motd တွင် ရေးသားရန်အတွက် အောက်ပါအတိုင်းဆောင်ရွတ်ပါမည်။

# vi /etc/motd
d5d ရိုက်ပြီး အားလုံး ဖြတ်ပြစ်ပါမည်။ ထို့နောက် i ကို ရိုက်ပြီး အောက်ပါအတိုင်းရေးသွင်းပါမည်။

                         Hello, Welcome back. Have a nice day.

Esc key ကိုနိပ်ပြီး :wq ရိုက်ကာ save လုပ်ပါမည်။

SSH Service ကို Default Standard Port 22 တွင် အသုံး မပြုပဲ Non-Standard Port 2112 တွင်း အသုံးပြု ဆောင်ရွတ်ရန် နှင့် Default Standard Port ကို firewall တွင် ဖယ်ရှာပြစ်ရန် အတွက် selinux တွင် ပြုပြင်ခြင်း၊ firewall တွင် ပြုပြင်ခြင်းများအား ဆောင်ရွတ်မည် ဖြစ်ပါသည်။

# semanage port -a -t ssh_port_t -p tcp 2112

selinux တွင် tcp port 2112 ကို ထည့်သွင်းပြီး လည်ကောင်း သည် ssh_port_t အမျိုးအစားဖြစ်ကြောင်း ကြေငြာခြင်းဖြစ်ပါသည်။

# firewall-cmd --set-default-zone=work

လက်ရှိ zone မှ work zone သို့ပြောင်းခြင်းဖြစ်ပါသည်။

# firewall-cmd --zone=work --remove-service=ssh --permanent

SSH Default standard port 22 တွင် အသုံးပြုမည်ဟုပြောထားသော service ကို firewall မှ အပြီးတိုင် ဖယ်ရှာခြင်းဖြစ်ပါသည်။

# firewall-cmd --add-port 2112/tcp --permanent

Modified လုပ်ထားသော SSH Non-Standard port ကို firewall တွင် ထည့်သွင်းခြင်းဖြစ်ပါသည်။

Public/Private Key ကို အသုံးပြု လျင် အသုံးပြုလိုသော Client မှ Key Pair ကို Generate ပြုလုပ်ပြီး Public Key ကို Server site သို့ပေးပို့ရမည်ဖြစ်သည်။ Private Key ကို အသုံးပြုထားသော Administrator မှ SSH Server သို့ Login ဝင်လျှင် Password အစား အသုံးပြု နိုင်ပာသည်။Public/Private Key Generate လုပ်ခြင်း အသုံးပြုခြင်း နည်းလမ်း အမျိုးမျိုး ရှိသည့် အနက် လက်ရှိ စာရေးသူ အသုံးပြုနေသော နည်းလမ်းအား ဖေါ်ပြပေး သွားမည် ဖြစ်ပါသည်။

Bitvise SSH Client Software အား Download လုပ်ပြီး Install ပြုလုပ်ပါမည်။

Bitvise SSH Client Download Links

Bitvise SSH Client Software အား Lunch လုပ်ပြီး ပုံတွင်တွေမြင်ရသည့် အတိုင်း Client Key Manager ကို Click တချက်နိပ်ပါမည်။ 


Bitvise SSH Client Application တွင် Client Key Manager ကို တွေ့မြင်ရပုံ


Client Key Manager popup Window တွင် Generate New ကိုတွေမြင်ရပုံ

ပုံတွင်တွေ့မြင်ရသော Client Key Manager မှ Generate New ကိုနိပ်ပါမည်။


Generate New Window ကိုတွေ့မြင်ရပုံ

ပုံတွင် တွေမြင်ရသည့် အတိုင်း ရွေးခြယ်ခြင်း ရေးသွင်းခြင်းများပြုလုပ်ပါမည်။ Algorithm တွင် RSA, Size တွင် 2048, နှင့် Passphrase နေရာတွင် mytopsecrect ကို ရိုက်ထည့်ပြီး Generate ကိုနိပ်ပါမည်။


Client Key Manager တွင် Generate လုပ်ထားသော Key ကိုတွေမြင်ရပုံ


ပုံတွင် တွေမြင်ရသော Generate လုပ်ထားသော Key ကို select လုပ်ပြီး Export ကို နိပ်လိုက်မည် ဆိုပါက Export Public or Private Key Window ထွတ်ပေါ်လာပါမည်။


Export Key Window ကိုတွေ့မြင်ရပုံ

Public Key ကို Server သို့ပေးပို့ရမည်ဖြစ်သောကြောင့် Export Public Key နှင့် OpenSSH Format ကို ရွေးခြယ်ပြီး Export button ကို Click လုပ်ပါမည်။



နေရာရွေး ဖိုင် name ပေးပြီး save လုပ်ပေးရပါမည်။



Bitvise SSH Client တွင် ပုံတွင်ပြထားသည့်အတိုင်း Host နေရာတွင် Server ၏ IP ၊ Port နေရာတွင် 22၊ Username တွင် root၊ Initial method တွင် password၊ Password နေရာတွင် root user ၏ password အာ ရိုက်ထည့်ပြီး Login လုပ်ပါမည်။



Terminal windows နှင့် အတူ sFTP Windows ပါ ပွင့်လာပါမည်။ sFTP Windows ၏ ဘယ်ဖက်ခြမ်းသည် Client Site ၏ Explorer ဖြစ်ပြီး ညာဖက်ခြမ်းသည် ချိတ်ဆက်ထားသော Server Site ၏ Explorer ဖြစ်ပါသည်။ Client Site ၏ Explorer Window တွင် Generate လုပ်ထားသော Key File ကို ရွေးပြီး right click နိပ်၍ upload လုပ်ပါမည်။


ထိုနောက် Terminal တွင် 

# mkdir ~/.ssh
            
/root အောက်တွင် .ssh directory ကို တည်ဆောက်ခြင်းဖြစ်ပါသည်။

# cat id_rsa.pub >> ~/.ssh/authorized_keys

upload လုပ်ထားသော Public Key ဖိုင်တွင် ရေးသာထားသည်မျာကို ဖတ်ပြီး ~/.ssh/authorized_keys ဖိုင်အဖြစ်ပြန်တည်ဆောက်ခြင်းဖြစ်ပါသည်။

# chmod 700 ~/.ssh
# chmod 600 ~/.ssh/authorized_keys

File Level Security သတ်မှတ်ခြင်းဖြစ်ပါသည်။ 


နောက်တဆင့် အနေဖြင့် ssh configuration ကို ပြင်ဆင်တော့မှာဖြစ်ပါသည်။ SSH Service Configuration ဖိုင်သည် /etc/ssh/sshd_config ဖြစ်ပါသည်။

# vi /etc/ssh/sshd_config ရိုက်ပြီး ဝင်ပါမည်။
i ကိုနိပ်ပြီး insert mode ကို ဝင်ပါမည်။ ထို့နောက်

# Port 22 အား
                    Port 2112 ဟုလည်းကောင်း

# Protocol 2 အား
                        Protocol 2 ဟုလည်းကောင်း

# Banner none အား
                            Banner /etc/issue ဟုလည်းကောင်း

PasswordAuthentication yes အား
                                     PasswordAuthentication no ဟုလည်းကောင်း

ပြောင်းလဲ ပြင်ဆင် ရေးသားပြီးနောက် Esc key ကိုနိပ်ပြီး :wq ရိုက်ကာ save လုပ်ပါမည်။

ssh service ကို restart ပြုလုပ်လျင်သော်လည်းကောင်း firewall ကို reload ပြုလုပ်လျင်သော်လည်းကောင်း လက်ရှိ ssh မှ login ဝင်ပြီးပြုလုပ်နေလျင် disconnect ဖြစ်သွားနိုင်ပြီး အဆက်အသွယ် ပြတ်တောက် သွားနိုင်ပါသဖြင့် console ကနေသာ ဆက်လက်ဆောင်ရွတ်ရန် အထူးသတိပြုစေလိုပါသည်။ အကယ်၍ မဖြစ်မနေဆောင်ရွတ်ရမည်ဆိုပါက ပထမဦးစွာ ဆောင်ရွတ်ထားသည်များ မှန်ကန်မူ့ ရှိမရှိ ကို ထပ်မံစစ်ဆေးလိုပါသည်။ သေခြာမှန်ကန်ပြီဆိုပါက အောက်ပါ command ကို ရိုက်နိပ်ပြီး Daemon များအား restart, reload ပြုလုပ်ပါမည်။

# firewall-cmd --reload && systemctl restart sshd.service

Client Site မှ ပြန်လည်ချိတ်ဆက်ရန်အတွက်SSH ဖြင့် Login ဝင်ထားပါ က အားလုံး disconnect လုပ်ပေးရပါမည်။ 
Bitvise SSH Client တွင် ပုံတွင်ပြထားသည့်အတိုင်း Host နေရာတွင် Server ၏ IP ၊ Port နေရာတွင် 2112၊ Username တွင် root၊ Initial method တွင် publickey၊ Clientkey နေရာတွင်  Global 1 ထည့်ပြီး Login လုပ်ပါမည်။


                                                  Client Site login with Public Key



                                         Host Key Verification With Port Number 2112



User Authentication Banner


Welcome Message


                                                Port 2112 Scan with nmap on SSH Server


CentOS 7 ကို အသုံးပြုဆောင်ရွတ်ထားခြင်းဖြစ်ပါသည်။